ကချင်ပြည်နယ်

နောင်မွန်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေးနှင့် မြို့နယ်ဂုဏ်ဆောင်အား ကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပသော မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အသက်(၁၆)နှစ်အထက် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၂ နာရီခွဲတွင် မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

မချမ်းဘောမြို့နယ်တွင် ဒေသအစားအစာတစ်ခုဖြစ်သော နန်ကော်ရှီး(ခေါ်) တင်းကောသီးများ ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင် ဒေသအစားအစာတစ်ခုဖြစ်သော နန်ကော်ရှီး (ခေါ်)တင်းကောသီးများ ရင့်မှည့်ချိန်ဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ကောက်ယူ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

မံစီမြို့နယ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘုန်းတော်ကြီးသင်ပညာရေး အခြေခံပညာ မူလတန်းလွန်ကျောင်းတို့ ပူးပေါင်း ကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၂ ရက် နံနက် ၁၀ နာရီက တောင်တန်းသာသနာပြုကျောင်း၌ ကျင်းပခဲ့သည်။

တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန၌  ဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ လူငယ်များ ဉာဏစွမ်းရည်တိုးတက်စေရန် ပုံပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို  ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကျောင်းသားလူငယ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့၌ ကလေးများအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး ပညာပေးနှင့်  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးနှင့် ကလေးသူငယ်များ အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ပညာပေးကို ယနေ့နံနက် (၉)နာရီက အခြေခံပညာမူလတန်းလွန်- ဒူးကောင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုပြိုင်ပွဲတွင် အောင်ပွဲရ ကချင်ပြည်နယ်ဂုဏ်ဆောင် ပြိုင်ပွဲဝင်များအား ကြိုဆိုဂုဏ်ပြု

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာသော အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အတူ ပြည်နယ်ကိုယ်စားပြု အောင်ပွဲရပြည်နယ်ဂုဏ်ဆောင်ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူ၊ နည်းပြများအား ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက လေဆိပ်၌ ကြိုဆိုခဲ့ကြပြီး ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့၌ ကျင်းပသည့် ဆောင်းရာသီအကြို ကလပ်ပေါင်းစုံ အမျိုးသားအသက် (၃၀)နှစ်အထက် မိတ်သဟာယ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် မြစ်ကြီးနားမြို့ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနပိုင် ငြိမ်းချမ်းသာယာအားကစားကွင်း၌ ယမန်နေ့က ကျင်းပပြုလုပ်သည့် ဆောင်းရာသီအကြို ကလပ်ပေါင်းစုံ အမျိုးသားအသက်(၃၀)နှစ်နှင့်အထက် မိတ်သဟာယဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို တက်ရောက်သည်။

မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းပေါင်းစုံ U18 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နိုင်ငံတော်က မျှော်မှန်းထားသည့် ကျန်းမာသန်စွမ်းပြီး စိတ်ဓါတ်ကောင်းမွန်သော ထူးချွန်အားကစားသမားများ ပေါ်ထွက်လာရေးနှင့် မိုးကောင်းမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွင်း မြို့နယ်အတွက် အားထားရမည့် အားကစားသမားများ ရွေးချယ်နိုင်ရေးအတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ U18 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ(၂)ရက်နေ့ နံနက်(၈)နာရီတွင် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်

မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မှုခင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ မှုခင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ(၁)ရက် ညနေ(၃)နာရီတွင် ကျင်းပခဲ့သည်။

တနိုင်းမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို အသက်(၂)လမှစ၍ (၁)နှစ်ခွဲကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)လမှ(၁)နှစ်ခွဲ ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးပေးခြင်းကို ယမန်နေ့နံနက် (၈)နာရီခွဲတွင် တနိုင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်