မိုးကောင်း နိုဝင်ဘာ ၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၏ မြို့ဓလေ့ တောင်ပေါ်ဘုရားဖူးနေ့ဖြစ်သည့် သတင်းကျွတ်လပြည့်ကျော် (၅)ရက် ယနေ့တွင် တောင်ပေါ်ဘုရား ဖူးသူများစည်ကား လျက်ရှိကြောင်း သိရသည်။
တစ်မူထူးခြားသည့် မိုးကောင်းမြို့၏ ဓလေ့ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်မှ (၅)ရက်သည် မြို့ပေါ်၊ ကျေးရွာနှင့် တောင်ပေါ်ဘုရားဖူးသည့် အလေ့အထတစ်ခုအဖြစ် နှစ်စဉ် ကျင်းပခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
မြို့၏အရှေ့ဘက် အာယုဒီဃတောင်ပေါ်ရှိ ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ၊ ဝေပုလတောင်ပေါ်ရှိ တပ်ဦးကျောင်းတိုက်၊ ပုလွေတောင်ပေါ်ရှိ လေးကျွန်းမာန်အောင်ရွှေတိဂုံပုံတူဘုရားနှင့် အဆိုပါ တောင်ပေါ်များရှိ စေတီငယ်များကို မြို့ပေါ်နှင့်ကျေးရွာအသီးသီးတို့မှ ဗုဒ္ဓဘာသာဝင် ပြည်သူအပေါင်းတို့က မိသားစုများဖြင့်သော်လည်းကောင်း၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက္ကား စသည့် ယာဉ်မျိုးစုံ ဖြင့်လာရောက်ဖူးမျှော်ကန်တော့ကြခြင်းဖြစ်သည်။
ထိုသို့လာရောက်ကန်တော့ကြရာတွင် အချို့က အလှူရှင်များ၏ မုန့်လက်ဆောင်း၊ ကြာဇံချက်၊ ဖျော်ရည်နှင့် ထမင်းမျိုးစုံ စတုဒီသာကျွေးမွေးဧည့်ခံမှုတို့ကို သုံးဆောင်ကြပြီး အချို့က မိမိအစီအစဉ်ဖြင့် အိမ်မှ ပြင်ဆင်လာသောအစားအစာများကို တောင်ပေါ်ဘုရားရှိစောင်းတန်းများ၊ ထည်ဝါသောသစ်ပင်အရိပ်တို့၌ စားသောက်ပြီး အနားယူအပန်းဖြေကြကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)