ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန် အသင်းတော်များနှင့် အခြားဘာသာရေး အသင်း/ အဖွဲ့များထံ ကောက်သစ်/ ကောက်ဦးပေါ်ချိန် ကောက်ဦးအလှူအဖြစ် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်း
မိုးစပါးရိတ်သိမ်းပြီးချိန်တွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများက ရိုးရာဓလေ့ထုံးစံပွဲတော်ဖြစ်သည့် ကောက်သစ်စား (အင်လုံအင်နန်ရှား) ပွဲတော်ကို နှစ်စဉ် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ် လေ့ရှိသည့်အပြင် ကောက်ဦး/ ကောက်သစ်ပေါ်ချိန်တွင် အဦးအဖျားရရှိသည့် ကောက်ပဲသီးနှံများကို အလှူဒါနအဖြစ် လှူဒါန်းမှုများကိုလည်း ဆောင်ရွက်လေ့ရှိရာ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေးကျောင်းများနှင့် အသင်း/ အဖွဲ့အသီးသီးသို့ သွားရောက်ပြီး ကောက်ဦးအလှူအဖြစ် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များကို လှူဒါန်းကြသည်။