မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နေ့သင်တန်းများစတင်ဖွင့်လှစ်သင်ကြားလျက်ရှိ

မြစ်ကြီးနား နိုဝင်ဘာ ၂၆

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံနေ့သင်တန်းကို နိုဝင်ဘာလ ၂၃ နံနက်ပိုင်းက စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများက သာယာပျော်ရွင်စွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။

အလားတူ ကွန်ပျူတာတက္ကသိုလ်မြစ်ကြီးနား၌လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နေ့သင်တန်းများကို ယမန်နေ့ကစတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)