ကချင်ပြည်နယ်အစိုးရအဖွဲ့က တစ်နှစ်တာအတွင်း ဦးစွာရရှိသည့် ကောက်ဦးစပါးဖြင့် ၂၀၂၃ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော် ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပပြုလုပ်
ကချင်ပြည်နယ်အတွင်း ဆန်စပါးရိတ်သိမ်းပြီးချိန်တွင် တစ်နှစ်တာအတွင်း တောင်သူတို့၏ လယ်ယာမှ ဦးစွာရရှိသော ကောက်ဦးစပါးပေါ်ချိန် အင်လုံအင်နန်ရှားပွဲဟု ခေါ်ဆိုသည့် ရိုးရာ ကောက်သစ်စား ကျေးဇူးတော် ချီးမွမ်းပွဲတော်ကို နှစ်စဥ်ကျင်းပလေ့ရှိရာ ကချင်ပြည်နယ်အစိုးရ အဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံ တောင်သူများ စုပေါင်းကာ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲ ကျေးဇူးတော် ချီးမွမ်းပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ယမန်နေ့နံနက် ၉ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။