မိုးညှင်းမြို့၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး

မိုးညှင်း နိုဝင်ဘာ   ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်းက ကျောင်းသား၊ကျောင်းသူများ အနေဖြင့် ကလေး သူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့နည်းစေရေးနှင့် တုံ့ပြန်ဆောင်ရွက်စေရေး အသိပညာပေးဖြစ်သည့် (Kaeru Caravan) အစီအစဉ် ကစားနည်းများမှ အတွေ့အကြုံများဖြင့် သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက ထိရောက်လျှင်မြန်စွာ ကူညီဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်းမီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းတွင် ကစားနည်း(၁၀)နည်းရှိသည့်အနက် ကလေးများနှင့်သက်ဆိုင်သည့် ကစားနည်း(၇)နည်းကို ကျောင်းသား၊ ကျောင်းသူများအား အုပ်စု Group များဖွဲ့၍ ဆောင်ရွက်ပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း