တနိုင်း မေ ၂၄
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီက အလယ်တန်းအဆင့် ပန်းချီသင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး ပန်းချီဆရာ ဦးကောင်းထက်လွင်အား အမှတ်တရ ဂုဏ်ပြုဆု လက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆု လက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
နေလင်းထူး(ပြန်/ဆက်)