ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၀)နှစ်အောက် ဂျူဒိုပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၀)နှစ်အောက် ဂျူဒိုပြိုင်ပွဲကို ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လက်ရွေးစင်ဂျူဒိုအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်‌ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပူတာအိုခရိုင်/မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားတက်ရောက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မေလ(၂၃)ရက်မှ ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်နှံ ရေးနေ့ သီတင်းပတ်အဖြစ်သတ်မှတ်ကာ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိရာ မေ(၂၈)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည့် ပူတာအိုခရိုင်/ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အမှာစကား ပြောကြားသည်။

မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် စုပေါင်း သစ်ပင်စိုက်ပျိုး၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်ရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မေ ၂၈ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာ ထမ်း၊ အမှုထမ်းဝန်ထမ်းသား/ သမီးများ ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မေ ၂၈ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကားပြောကြားသည်။

မိုးကောင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ “ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အ.ထ.က (၂) ကျောင်းရတနာခန်းမ၌ ယနေ့ နံနက်(၉) နာရီတွင် ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၀၂၄ ခုနှစ် ဇွန် ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်ရှိ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း မြက်ခင်းပြင်တွင် ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ဘေးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပူတာအိုခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များထောက်ပံ့၊ ဒေသအတွက်အခြေခံစားသောက်ကုန်များ ဒုတိယအကြိမ် ထပ်မံတင်ပို့လာမှုအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ၊ ဘောလုံးအကယ်ဒမီသင်တန်းကျောင်း (ရန်ကုန်)နှင့် (မန္တလေး)သို့ တက်ရောက်ခွင့်ရသော ကချင်ပြည်နယ်မှ လူငယ်ကစားသမားများနှင့် တွေ့ဆုံ

ကချင်ပြည်နယ်အတွင်း ဌာနအလိုက် တာဝန်ထမ်းဆောင်သူများအနေဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအားလုံးကို ကျွမ်းကျင်နားလည်လာစေရန် ပြည်နယ်ဥပဒေချုပ်ရုံးက ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ပြည်နယ်ဥပဒေချုပ်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မြစ်ကြီးနားပညာရေးဒီဂရီ ကောလိပ်ရှိ အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်