မိုးကောင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မိုးကောင်း မေ ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ “ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အ.ထ.က (၂) ကျောင်းရတနာခန်းမ၌ ယနေ့ နံနက်(၉) နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို အ.ထ.က (၂) ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြား ပြီး မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်က ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပညာရေးဌာနမှ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာ များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမများကို ပေးအပ်ပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုး သမီးရေးရာအဖွဲ့တို့က ထောက်ပံ့ပစ္စည်များပေးအပ်ကာ အ.မ.က အလယ်ရပ် ကျောင်းသား၊ ကျောင်းသူများက “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” တေးသရုပ်ဖော် ကပြဖျော်ဖြေကြောင်း သိရ သည်။

မိုးကောင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၃၀)၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်း (၆)ကျောင်းရှိပြီး အထက်တန်းအဆင့် (၂၂၆၆)ဦး၊ အလယ်တန်းအဆင့် (၄၀၈၁)ဦး၊ မူလတန်းအဆင့် (၁၂၈၃၆)ဦးတို့သည် သက်ဆိုင်ရာ ကျောင်းအသီးသီးတို့၌ အပ်နှံထားပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းအပ်နှံရာတွင် မူလတန်းအဆင့် ကျောင်းသားတစ်ဦးကို ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ (၄)ချောင်းနှင့် ဝတ်စုံတစ်စုံတို့ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသားတစ်ဦးကို ပုံနှိပ်၊ ဘောပင်(၂)ချောင်နှင့် ခဲတံ(၂)ချောင်းဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား တစ်ဦးကို ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်(၂)ချောင်းဖြင့်လည်းကောင်း ထောက်ပံ့ပေးထားကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)