မြစ်ကြီးနား မေ ၂၈
၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်ရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မေ ၂၈ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုးနှင့် အရာထမ်း/ အမှုထမ်းများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ကျောင်းဝင်းအတွင်း ဒေသရာသီဥတုနှင့် ကိုက်ညီဖြစ်ထွန်းသည့် ခရေ၊ ပိတောက်၊ ယင်းမာ၊ ကျွန်း၊ မယ်ဇလီ၊ မန်ဂျန်ရှားစသည့် နှစ်ရှည်ပင် အမျိုးအစား ပျိုးပင်စုစုပေါင်း (၁၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာသူများအား ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သော "သဲကန္တရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)