ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် အချို့၌ ရေဝင်ရောက်လာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် ပူတာအိုခရိုင်နှင့် ချီဖွေခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဧရာဝတီ မြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် ယမန်နေ့ နံနက် အစောပိုင်းတွင် အမြင့်ဆုံး (၁၀၃၁) စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် မြို့ပေါ်မြေနိမ့်သည့် ရပ်ကွက်များတွင် ရေဝင်ရောက်မှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မိုးညှင်း၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပြီး ထောက်ပံ့ငွေများပေးအပ်၊ စည်ပင်သာယာဈေးများအား ကွင်းဆင်းစစ်ဆေး၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် ဇီဝမျိုးစုံမျိုးကွဲပြခန်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပူတာအိုတပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် (၈) နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို) ခန်းမ၌ ဆရာ၊ ဆရာမများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

ရွှေကူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မိုးညှင်းခရိုင်၌ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းကောင်းများရရှိစေရန် ယခုဘဏ္ဍာရေးနှစ်တွင် ကာလတိုသင်တန်းများ ဖွင့်လှစ်သွားမည်

ကချင်ပြည်နယ် မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယခုဘဏ္ဍာရေး နှစ်တွင် ဒေသခံပြည်သူများမှ အများဆုံးတောင်းဆိုလေ့ရှိပြီး ဒေသနှင့်လိုက်လျောညီထွေမှုရှိသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတိုသင်တန်းမျာကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဤဦးစီးဌာနရုံးမှ သိရပါသည်။

တနိုင်းမြို့၌ နိုင်ငံတကာအဆင့်မီ အရေးပေါ်အသက်ကယ်ဆယ်ရေး (အခြေခံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ဇေယျာသီရိကျောင်းတိုက်အတွင်း၌ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တတေဇနိယနှင့် ဟူးကောင်းမေတ္တာ လူမှုကူညီရေးအသင်းတို့ ပူးပေါင်း ဖွင့်လှစ်သော နိုင်ငံတကာအဆင့်မီ အရေးပေါ်အသက်ကယ်ဆယ်ရေး (အခြေခံ) သင်တန်း အမှတ်စဥ် (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်၊ ကျေးရွာများ‌တွင် ရေကြီးရေလျှံမှုဖြစ်ပွား

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် ယမန်နေ့ ည(၁၁)နာရီအချိန်မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချီဖွေ-မြစ်ကြီးနာလမ်းနှင့် ချီဖွေ-ပန်ဝါလမ်းပေါ်ရှိ လမ်းပိုင်းများ မြေပြိုကျမှုနှင့် မြို့တွင်းရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ချောင်းရေကြီးခြင်း၊ မြစ်ရေတိုးခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင့် သိရသည်။

တနိုင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီက ပုန်ခုန်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

မိုးကောင်းမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မှပေးအပ်သည့် GW-11 မျိုးစပါးများအား သမဝါယမအသင်းသားတောင်သူများထံပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သည့် GW-11 မျိုးစပါးများအား ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် သမဝါယမအသင်းသားတောင်သူများထံပေးအပ်ပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေလ (၂၉) ရက် နံနက် (၁၁) နာရီတွင် ကျင်းပသည်။

မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သည့် ကျေးရွာကော်မတီများထံသို့ စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) မတည်ငွေများပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်သည့် ကျေးရွာကော်မတီများထံသို့ စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) မတည်ငွေ ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေလ(၂၉)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်