မိုးညှင်းမြို့၌ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ဘေးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

မိုးညှင်း မေ ၂၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြည်သူ့ဆေးရုံးအုပ်ကြီး ဒေါက်တာလာမာမီးက ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၏ ဘေးအန္တရာယ်များအကြောင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ထက်ထက်ခင်ဇော်က ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ စွန့်ပစ်ပလတ်စတစ်များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ ဆိုးကျိုးသက်ရောက်မှုများ၊ ပလတ်စတစ်ပစ္စည်းများ အသုံးပြုမှုကို လျှော့ချနိုင်မည့် နည်းလမ်းများနှင့် ပလတ်စတစ် လျှော့သုံးခြင်းဖြင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာသည့် ကောင်းကျိုးများ စသည်တို့ကို ပါဝါပွိုင့်ဖြင့် ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများအား “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ဟူသော အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း