ဧရာဝတီတိုင်းဒေသကြီး

ငါးသိုင်းချောင်းမြို့၌ ကြိုတင်ဆန္ဒမဲပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံ‌ရေးတပ်ဖွဲ့များနှင့် နိုင်ငံ့တာဝန်ဖြင့်ခရီးသွားရန် ရှိသူများအား ဇန်နဝါရီ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့ထိ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆောင်ဘုံကျေးရွာအရောက် ကျန်းမာရေးအသိပညာပေး ဟောပြော၊ အခမဲ့ဆေးကုသစောင့်ရှောက်‌ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လစဉ်ကျေးရွာများအရောက် ကျန်းမာရေးအသိပညာပေးဟောပြော၊ အခမဲ့ဆေးကုသစောင့်ရှောက်‌ပေးလျက်ရှိရာ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်စတင်၍ ဆောင်ဘုံ ကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြသည်။

ဒေးဒရဲမြို့နယ်၌ (၂၀၂၅) ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)အတွက် ကြိုတင်ဆန္ဒမဲပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ရာ မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ ရက်မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်းသိရသည်။

မြန်အောင်၌ လက်လီ/လက်ကားကုန်မျိုးစုံဆိုင်များ၊ ဆီစက်များတွင် စားအုန်းဆီနှင့် မြေပဲဆီစျေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့ ဦးဆောင်၍ ဇန်နဝါရီလ ၁၉ ရက်နေ့ညနေက လက်လီ/လက်ကား ရောင်းချသောကုန်မျိုးစုံဆိုင်များ၊ ဆီစက်များတွင် စားအုန်းဆီနှင့်မြေပဲဆီစျေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကြံခင်းမြို့နယ်၊ အ.မ.က(အင်းလပ်ရှေ့)ကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း(အင်းလပ်ရှေ့)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းရှေ့ကွင်းပြင်၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

မြန်အောင်မြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခများ၊တွဲဖက်ပါ‌မောက္ခများ၊ကထိကများမှ ဘာသာရပ်အလိုက် သင်ကြားပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊မြန်အောင်မြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲ အောင်ချက်မြင့်မားရေးနှင့်အမှတ်‌ပေးစည်းမျဥ်းနှင့်အညီ‌ ဖြေဆိုနိုင်ရေးအတွက် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခများ၊တွဲဖက်ပါ‌မောက္ခများ၊ကထိကများမှဘာသာရပ်အလိုက် သင်ကြားပို့ချခြင်းကို ယနေ့နံနက်က အ.ထ.က (၂) မြန်အောင်၊ ‌‌အောင်ဇေယျခန်းမ၊အ.လ.က လက်ပံရပ်ကျောင်းတို့၌ STAMS (1)(2)ကျောင်းသား၊ ကျောင်းသူများအားသင်ကြားပို့ချခဲ့သည်။

ရေကြည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေး

ယခုအခါ‌ နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ စာသင်ကျောင်းများ၊ စက်ရုံအလုပ်ရုံများနှင့်လူနေအိမ်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှမီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင်ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ယ‌နေ့နံနက်ပိုင်းကဆောင်ရွက်လျက်ရှိသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး သည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက်အသိပေးဆွေးနွေးခြင်း အခမ်းအနားတက်ရ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက်အသိပေးဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

မြောင်းမြမြို့တွင် စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ အရေအတွက်အတိုင်း ရောင်းချခြင်း ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စားအုန်းဆီများ သတ်မှတ်ရည်ညွှန်း ဈေးနှုန်း၊ အရေအတွက်အတိုင်း ရောင်းချခြင်းရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချရာ၌ ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ‌နော်မြို့တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချရာ၌ ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိ၊ ဆီစာအုပ်များအား စနစ် တကျထုတ်ပေးရေးနှင့်ရရှိလာသော ဆီပိဿာချိန်များအား ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ/မရှိကို ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး