ဒေးဒရဲမြို့နယ်၌ (၂၀၂၅) ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)အတွက် ကြိုတင်ဆန္ဒမဲပေး

ဒေးဒရဲ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ရာ မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ ရက်မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာ၌ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံတာဝန်ထမ်းဆောင်မည့် ညာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမာရေးအရ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်ရန် လိုအပ်သူများအနေဖြင့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ ကြိုတင်ဆန္ဒမဲများပေးနိုင်ပြီး သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၅(ခ)နှင့် အကျုံးဝင်သည့် မဲဆန္ဒရှင်များအတွက် ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကြိုတင် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း