သာပေါင်း ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လစဉ်ကျေးရွာများအရောက် ကျန်းမာရေးအသိပညာပေးဟောပြော၊ အခမဲ့ဆေးကုသစောင့်ရှောက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်စတင်၍ ဆောင်ဘုံ ကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ကျန်းမာရေးအသိပညာပေး ဆေးကုသစောင့်ရှောက်ခြင်းများကို မြို့နယ်တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးမှူး ဆရာမကြီးဒေါ်ခင်လေးမွန်က တိုင်းရင်းဆေးသမိုင်းကြောင်းများနှင့် ရာသီဥတု အပြောင်းအလဲများတွင် ဖြစ်ပွားလေ့ရှိသောရောဂါများဖြစ်ပွားမှု သက်သက်ပျောက်ကင်းအောင် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ဆီးချိုရောဂါနှင့်သွေးတိုးရောဂါများအကြောင်း အကျယ်တဝင့် အသိပညာပေး ဟောပြောကာ ဆောင်ဘုံကျေးရွာအုပ်စု၊ ဆောင်ဘုံကျေးရွာနေပြည်သူ (၈၂) ဦးတို့ကို ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေး နှစ်သိမ့်ဆွေးနွေးဆေးကုသစောင့်ရှောက်ခြင်းများကို ဆေးအကူဝန်ထမ်းနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ကျန်ရှိကျေးရွာအုပ်စုများရှိ ပြည်သူများအား လစဉ်အသိပညာပေး၊ အခမဲ့ဆေးကုသ စောင့်ရှောက်မှုများပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်မျိုဦး