ငါးသိုင်းချောင်းမြို့၌ ကြိုတင်ဆန္ဒမဲပေးခြင်းများဆောင်ရွက်

ငါးသိုင်းချောင်း ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံ‌ရေးတပ်ဖွဲ့များနှင့် နိုင်ငံ့တာဝန်ဖြင့်ခရီးသွားရန် ရှိသူများအား ဇန်နဝါရီ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့ထိ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ငါးသိုင်းချောင်းမြို့တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူများက စီမံဆောင်ရွက်ထားရှိပြီး မဲစာရင်းတွင်ပါရှိသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲများအား ဥပဒေ၊ နည်းဥပဒေများ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ငါးသိုင်းချောင်းမြို့၌ ကြိုတင်ဆန္ဒမဲပေးခြင်းများကို ဇန်နဝါရီလ (၁၅)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 

ငါးသိုင်းချောင်း(ပြန်/ဆက်)