မြန်အောင်မြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခများ၊တွဲဖက်ပါ‌မောက္ခများ၊ကထိကများမှ ဘာသာရပ်အလိုက် သင်ကြားပို့ချ

မြန်အောင် ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊မြန်အောင်မြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲ အောင်ချက်မြင့်မားရေးနှင့်အမှတ်‌ပေးစည်းမျဥ်းနှင့်အညီ‌ ဖြေဆိုနိုင်ရေးအတွက် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခများ၊တွဲဖက်ပါ‌မောက္ခများ၊ကထိကများမှဘာသာရပ်အလိုက် သင်ကြားပို့ချခြင်းကို ယနေ့နံနက်က အ.ထ.က (၂) မြန်အောင်၊ ‌‌အောင်ဇေယျခန်းမ၊အ.လ.က လက်ပံရပ်ကျောင်းတို့၌ STAMS (1)(2)ကျောင်းသား၊ ကျောင်းသူများအားသင်ကြားပို့ချခဲ့သည်။

ဘာသာရပ်အလိုက်သင်ကြားပို့ချမှုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏လမ်းညွှန်ချက်ဖြင့်မြန်အောင်ခရိုင်/မြို့နယ်ပညာရေးမှူးရုံးမှ စီစဉ်ဆောင်ရွက်သည့် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာသန်းထိုက် ပါမောက္ခ(ဌာနမှူး)မြန်မာစာ ဦးဆောင်သောပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများပါဝင်သည့်ဆရာကြီး၊ ဆရာမကြီး များကမြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်‌ကျောင်းတို့မှ Grade-12 ကျောင်းသား/ကျောင်းသူ (၉၃၄)ဦးနှင့်ဘာသာရပ်သင်ဆရာ/ဆရာမများအား ဘာသာရပ်အလိုက် သင်ကြားပို့ချခဲ့ကြသည်။

အဆိုပါ ဘာသာရပ်အလိုက်သင်ကြားပို့ချ‌နေမှုကို မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်မျာ၊ မြန်အောင်ခရိုင် ပညာရေးမှူး ဦးမြင့်‌အောင်၊ မြို့နယ်ပညာ‌ရေးမှူး ဦးဝင်းချိုဦးနှင့် မြန်အောင်ခရိုင်/မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့တို့ကကြည့်ရှု့အားပေးခဲ့ပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် ချက်မြင့်မားရေးအတွက် လိုအပ်သည်များကိုကူညီပံ့ပိုးပေးခဲ့ကြသည်။

ဝင်းဗိုလ် (ပြန်/ဆက်)