မြန်အောင်၌ လက်လီ/လက်ကားကုန်မျိုးစုံဆိုင်များ၊ ဆီစက်များတွင် စားအုန်းဆီနှင့် မြေပဲဆီစျေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး

မြန်အောင် ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့ ဦးဆောင်၍ ဇန်နဝါရီလ ၁၉ ရက်နေ့ညနေက လက်လီ/လက်ကား ရောင်းချသောကုန်မျိုးစုံဆိုင်များ၊ ဆီစက်များတွင် စားအုန်းဆီနှင့်မြေပဲဆီစျေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ မြို့နယ်ဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချနေသောဆိုင်များတွင် စားအုန်းဆီအား သတ်မှတ်ရည်ညွှန်းစျေးနှင့်အညီ ရောင်းချလျက်ရှိ‌ပြီး မြေပဲဆီလက်လီ/လက်ကားကြိတ်ခွဲရောင်းချနေသော ပင်ရင်းဆီစက်တွင် မြေပဲဆီ စျေးနှုန်းမှာ တစ်ပိသာ ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ဝင်းဗိုလ်