မြောင်းမြမြို့တွင် စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ အရေအတွက်အတိုင်း ရောင်းချခြင်း ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မြောင်းမြ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စားအုန်းဆီများ သတ်မှတ်ရည်ညွှန်း ဈေးနှုန်း၊ အရေအတွက်အတိုင်း ရောင်းချခြင်းရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြခရိုင် စားသုံးဆီကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် အတူ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့်တာဝန်ရှိသူများက စားသုံးသူများနေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီ အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရအရေးယူခံရနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ဇေယျာ(မြောင်းမြ)