ရခိုင်ပြည်နယ်

ဂွမြို့ ရဟိုင်ကူးတို့ ကျေးရွာတွင် နှစ်သစ်ကူး တရားပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ဂွမြို့၊ ရဟိုင်ကူးတို့ကျေးရွာတွင်  နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၃-ခုနှစ်သို့ ရောက်ရှိသည့် ကမ္ဘာ့နှစ်သစ်ဦး မင်္ဂလာရှိသော နေ့ထူးနေ့မြတ်တွင်  နိုင်ငံသူ၊ နိုင်ငံသားများနှင့် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ဘေးဥပါဒ်အန္တရာယ် ရန်စွယ် ဟူသမျှ၊ အနှောင့်အယှက်ဟူသမျှ ကင်းစင်ပ ပျောက်၍ လိုရာဆန္ဒအဝဝတို့ ပြည့်စုံကြစေရန် ရည်ရွယ်၍ မိုးကုတ်ဝိပသနာ ကမ္မဌာနစရိယ ဆရာတော်အရှင်ကေလာသ (ခင်ဦး)က နှစ်သစ်ကူးတရားတော်ကိုရဟိုင်ကူးတို့ ကျေးရွာ၊ ခမောင်းကွင်းကျောင်းတိုက် ဓမ္မဗိမာန်၌ယမန်နေ့ညပိုင်းက ဟောကြား​တော်မူခဲ့ကြောင်း သိရ သည်။

ဘူးသီးတောင်မြို့၌ မွေးစမှအသက်တစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအားမွေးစမှ အသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာ ရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငပလီမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)နံရံကပ် စာစောင်နှင့်စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် (အကြို) နံရံကပ်စာစောင်နှင့် စာအုပ်စာစောင် ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် အ.မ.က ငပလီကျောင်းတွင်ပြုလုပ်ကြသည်။

အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်

ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ်၌ ကိုဗစ် -၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန်ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီ အချိန်က အမှတ် ၃ စျေးရပ်ကွက် လမ်းဆုံလမ်းမ၌ ပြုလုပ်ခဲ့သည်။

အမ်းမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အမှတ် (၂)တပ်မတော်ဆေးရုံ(ခုတင်-၃၀၀)တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမ်းတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့က စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်ဦးဆွမ်းဆန်တော်လောင်းလှူပွဲပြုလုပ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ ၂၀၂၃ ခုနှစ်၊ နှစ်ဦး ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့မဘုန်းတော်ကြီးကျောင်းမှ စတင်ထွက်ခွာကာ မြို့မဈေးကြီး တစ်ပတ် လောင်းလှူပွဲကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်၌  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် စစ်ကြောင်းကြီး ငါးကြောင်းအသွင်ဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ဒေသ ခံပြည်သူများတွေ့ဆုံပွဲကို မြန်မာဘုတ်ချောင်းကျေးရွာအုပ်စု မြန်မာဘုတ်ချောင်း ကျေးရွာဘုန်းတော်ကြီကျောင်းဓမ္မာရုံ၌ ယမန်နေ့နေ့လယ်အချိန်တွင် ကျင်းပခဲ့သည်။

သံတွဲမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သံတွဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဒါးသွေးကျောက်ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၂၀၂၂ ခုနှစ် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၆ နာရီအချိန် မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

သိန္နီမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံဖိနပ်ချုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံဖိနပ်ချုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်