အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်

အမ်း ဇန်နဝါရီ ၂

ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ်၌ ကိုဗစ် -၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန်ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီ အချိန်က အမှတ် ၃ စျေးရပ်ကွက် လမ်းဆုံလမ်းမ၌ ပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉အသိပညာ ပေးဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော် ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းအဖွဲ့မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ ရောင်းချလျက်ရှိသည့် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ လာရောက်ဝယ်ဘယူသည့် ဒေသခံပြည်သူများ၊ မြို့တွင်းသွားလာ လှုပ်ရှားနေကြသည့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ်BA-5 ကူး စက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာ​ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန် နေအိမ်ပြင်ပ သို့ ထွက်ခွာပါက ပါးစပ်နှင့်နှာ ခေါင်းစည်း Mask  စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါကကွယ် ဆေးအကြိမ်ပြည့်မပျက်မကွက် ထိုးနှံကြရန် စသည်တို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း Mask (၁၀၀၀) ခု အားအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

စိုးမင်းထွန်း