ပုဏ္ဏားကျွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ တစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးများတွင် သက်ဆိုင်ရာအားကစားနည်းအလိုက် ကျင်းပလျက်ရှိရာ ယမန်နေ့၊ညနေ(၃)နာရီက ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။