ရခိုင်ပြည်နယ်

စစ်တွေမြို့၌ ဒီဇင်ဘာလ နောက်ဆုံးအပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကျင်းပ၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလနောက်ဆုံးအပတ်အဖြစ် လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက စစ်တွေမြို့ ရှုခင်းသာလမ်းဆုံရှေ့၌ ကျင်းပသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဒီဇင်ဘာအားကစားလ နောက်ဆုံးအပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲ  စည်ကားသိုက်မြိုက်စွာဆင်နွဲ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍  မြို့နယ်အားကစားနှင့်ကာယပညာဦးစီဌာနက ဦးဆောင်ကာ တစ်မျိူးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် စုပေါင်းလူထုအား ကစားလ စုပေါင်းလမ်းလျှောက်ပွဲကို  ယနေ့ နံနက် ၅ နာရီက မြို့မနာရီ စင်ခွဆုံစုရပ်မှ စတင်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၁၁၀၀)ဦးခန့်  တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့၊ ညနေ (၃)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့နယ်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

အမ်းမြို့နယ် ကမ်းဒိတ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း(မြန်မာ)တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်က ကမ်းဒိတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် ၊ မောင်တောမြို၌ ခရိုင်စည်းရုံးရေးကော်မတီ၏ အသိညာပေးဆွေးနွေးပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စည်းရုံးရေးကော်မတီ၏ အသိညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ရခိုင်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။

တောင်ကုတ်ခရိုင်အုပ်ချုပ်ရေးမှူး မအီမြို့  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး

တောင်ကုတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်သည် ယမန်နေ့ နံနက်ပိုင်းက မအီမြို့သို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ နေ့လယ်ပိုင်းက ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်အသိပညာပေး ဖြန့်ဝေပေးကြသည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနား ဂွမြို့နယ်တွင် ကျင်းပ

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဂွမြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကုတ်တက္ကသိုလ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တောင်ကုတ်တက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တောင်ကုတ်တက္ကသိုလ်ရှိ  ဘက်စုံသုံးအားကစားခန်းမ၌ကျင်းပသည်။
Subscribe to ရခိုင်ပြည်နယ်