ငပလီ ဇန်နဝါရီ ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် (အကြို) နံရံကပ်စာစောင်နှင့် စာအုပ်စာစောင် ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် အ.မ.က ငပလီကျောင်းတွင်ပြုလုပ်ကြသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေးမှ ကျောင်းသား/သူလေးများအား မြန်မာ့လွတ်လပ်ရေး ဗိသု ကာ ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရ ရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့ပုံ၊ လွတ်လပ်ရေး၏ အရသာ၊ လွတ်လပ်ရေးကို အဓွန့်ရှည် တည် တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပုံများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ငပလီမြို့ရှိ အမကကျောင်းမှ ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ငပလီ(ပြန်/ဆက်)