အမ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကျင်းပ

အမ်း  ဇန်နဝါရီ   ၂

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်၌  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် စစ်ကြောင်းကြီး ငါးကြောင်းအသွင်ဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ဒေသ ခံပြည်သူများတွေ့ဆုံပွဲကို မြန်မာဘုတ်ချောင်းကျေးရွာအုပ်စု မြန်မာဘုတ်ချောင်း ကျေးရွာဘုန်းတော်ကြီကျောင်းဓမ္မာရုံ၌ ယမန်နေ့နေ့လယ်အချိန်တွင် ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက် နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းကိစ္စရပ်များနှင့် ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက ကျေးလက်လမ်းများ ကောင်းမွန်​စေရေး၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများကျန်းမာရေး ဝန် ထမ်းများ လိုအပ်ချက်များ ကျောင်းဆောင်သစ်ရရှိရေးနှင့် ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ​ဌာနအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး တင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်ချက်များအား ပေါင်းစပ်ရှင်းလင်းဖြေကြားကာ ကျေးရွာတွင်းဆင်းရဲနွမ်းပါး အိမ်ထောင်စု ၁၀ စုအတွက် အိမ်ထောင်စုတစ်စု ပစ္စည်း ၁၀ မျိုးပါပုံးတစ်လုံးနှင့် ဒါန်အိုးစတီးပုဂံပြားရေခွက် ဇွန်းပစ္စည်းပါ ထောက်ပံ့ရေးပစ္စည်းများအားပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများရပ်မိရပ်ဖများအဖွဲ့သည် မြန်မာဘုတ်ချောင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ထားမှု ကျေးရွာကမ်းပါးပြိုနေရာနှင့် ရွာတွင်းလမ်းများအား လှည့်လည်ကြည့်ရှု ကာလိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး ပြောကြားခဲ့ကြောင်း သိရသည်။

 စိုးမင်းထွန်း မြို့နယ်(ပြန်/ဆက်)