သိန္နီ ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံဖိနပ်ချုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လားရှိုးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းက အဖွင့်အမှာစကား ပြောကြားပြီး သိန္နီမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးရာဇာအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သော သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ယခုဖွင့်လှစ်သင်ကြားသော အခြေခံဖိနပ်ချုပ်နည်းသင်တန်း ဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့သော ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းတွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူခဲ့ကြသော သင်တန်းသူ၊ သင်တန်းသားများအား ကျေးဇူးတင်ရှိပါကြောင်း၊ အသက် မွေးဝမ်းကျောင်းကို အထောက်အကူပြုသည့် သင်တန်းဖြစ်ခြင်းကြောင့် လက်တွေ့ဘဝတွင် အသုံးပြုနိုင်သည့်အတွက် ကောင်းမွန်ပါကြောင်း၊ ဆက်လက်၍လည်း ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို များများဖွင့်လှစ်ပေးရန်လိုအပ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား ဒီဇင်ဘာလ (၁၆) ရက်မှ (၃၀) ရက်နေ့အထိ (၁၅) ရက်တာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သိန္နီမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)