မောင်တော ဇန်နဝါရီ ၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ ၂၀၂၃ ခုနှစ်၊ နှစ်ဦး ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့မဘုန်းတော်ကြီးကျောင်းမှ စတင်ထွက်ခွာကာ မြို့မဈေးကြီး တစ်ပတ် လောင်းလှူပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်ဦး ဆွမ်းဆန်တော်လောင်းလှူပွဲကို မြို့မဘုန်းတော်ကြီးကျောင်းမှ စတင်ထွက်ခွာကာ ဈေးကြီးတစ်ပတ်လမ်းမကြီးအတိုင်း စီတန်းလည့်လည်ပြီး မြို့နယ်အတွင်းရှိ ရဟန်း၊ သံဃာတော်၊ သာမဏေ (၁၃၀)ပါးခန့်အား နယ်မြေခံဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တူများ စည်းကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကရုဏာကွန်ရက် လူမှုကူညီရေးအသင်းများက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)