ဂွမြို့ ရဟိုင်ကူးတို့ ကျေးရွာတွင် နှစ်သစ်ကူး တရားပွဲကျင်းပ

ဂွ  ဇန်နဝါရီ   ၂

ရခိုင်ပြည်နယ်၊ ဂွမြို့၊ ရဟိုင်ကူးတို့ကျေးရွာတွင်  နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၃-ခုနှစ်သို့ ရောက်ရှိသည့် ကမ္ဘာ့နှစ်သစ်ဦး မင်္ဂလာရှိသော နေ့ထူးနေ့မြတ်တွင်  နိုင်ငံသူ၊ နိုင်ငံသားများနှင့် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ဘေးဥပါဒ်အန္တရာယ် ရန်စွယ် ဟူသမျှ၊ အနှောင့်အယှက်ဟူသမျှ ကင်းစင်ပ ပျောက်၍ လိုရာဆန္ဒအဝဝတို့ ပြည့်စုံကြစေရန် ရည်ရွယ်၍ မိုးကုတ်ဝိပသနာ ကမ္မဌာနစရိယ ဆရာတော်အရှင်ကေလာသ (ခင်ဦး)က နှစ်သစ်ကူးတရားတော်ကိုရဟိုင်ကူးတို့ ကျေးရွာ၊ ခမောင်းကွင်းကျောင်းတိုက် ဓမ္မဗိမာန်၌ယမန်နေ့ညပိုင်းက ဟောကြား​တော်မူခဲ့ကြောင်း သိရ သည်။

မင်္ဂလာရှိသော နေ့ထူးနေ့မြတ်တွင် ဟောကြားတော်မူခဲ့သည့် နှစ်သစ်ကူးတရားတော်အားရဟိုင်ကူးကျေးရွာရှိ ပြည်သူများနှင့် အနီးပတ်ဝန်း ကျင်ကျေးရွာရှိ ပြည်သူများ လာရောက် နာကြားခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်