အမ်း ဇန်နဝါရီ ၂
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အမှတ် (၂)တပ်မတော်ဆေးရုံ(ခုတင်-၃၀၀)တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမ်းတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့က စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် နယ်မြေ ခံတပ်မတော်သား အရာရှိ/စစ်သည်(၃၀)ဦး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၂၀)ဦး စုစုပေါင်း (၅၀)ဦး စုပေါင်းသွေး လှူဒါန်းကြရာအမှတ် (၂)တပ် မတော်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများမှ သွေးပေါင်ချိန်တိုင်း တာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးကြသည်။
စုပေါင်းသွေးလှူဒါန်းပွဲသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း ဦးဆောင်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ အမ်းတပ်နယ်ရှိ အရာရှိကြီးများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အဟာရ ဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံပေးအပ်ခဲ့ကြသည်။
စိုးမင်းထွန်း