ရခိုင်ပြည်နယ်

မြောက်ဦးမြို့နယ်၊ လက်ကောက်ဈေးအုပ်စု၊ ဆင်ချဆိပ်ရွာသစ်၌ မီးလောင်မှုဖြစ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် လက်ကောက်ဈေးအုပ်စု၊ ဆင်ချဆိပ်ရွာသစ်၌ ယမန်နေ့ ည ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့  နံနက် ၇ နာရီက ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်ရှိ မြို့မဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄  ရက်နေ့တွင်ကျရောက်သည့် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်ကာ အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင်ကျင်းပ၍ သဝဏ်လွှာဖတ်ပွဲကို ယနေ့နံနက် ၇ နာရီ အချိန်တွင် မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။

ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရခိုင်ရိုးရာ ကျင်ပြိုင်ပွဲ ကျင်းပပြုလုပ်

 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ကျောက်ဖြူမြို့၊ ဦးဥတ္တမပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ သံတွဲမြို့၌ကျင်းပ

 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို  ဇန်နဝါရီ ၃ ရက်နေ့နံနက် ၈ နာရီမှစ၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်အဖွဲ့က ဦးဆောင်၍ သံတွဲမြို့၌ကျင်းပလျက်ရှိသည်။

ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ် Youth Club အသင်းနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ နေ့ထူးနေ့မြတ်များသိရှိစေရန်နှင့် နှုတ်မှုအပြောစွမ်းရည်တိုးတက်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်း ကောက်နုတ်ချက်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပသည်။

ရမ်းဗြဲမြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းကအားကစားပြိုင်ပွဲများကျင်းပလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များကကြည့်ရှုအားပေးခဲ့ကြသည်။

ကျောက်ဖြူမြို့၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီက  ကျောက်ဖြူမြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုးနိုင် ဦးဆောင်သည့်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ် ကွက်များ သို့လှည့်လည်၍ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ စစ်တွေမြို့၌ ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ စာတိုက်ကြီးအနီး ကမ်းနားလမ်း၌ ကျင်းပသည်။
Subscribe to ရခိုင်ပြည်နယ်