ရမ်းဗြဲ ဇန်နဝါရီ ၃
ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းကအားကစားပြိုင်ပွဲများကျင်းပလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များကကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ အားကစားပြိုင်ပွဲများကျင်းပကြရာတွင် ဆရာ/ဆရာမများဦးဆောင်ပြီး ရမ္မာဝတီ အားကစားခန်းမ၌ ကျောင်းသား/ကျောင်းသူများအတွက် ကွမ်းသီးကောက်ပြိုင်ပွဲ၊မုန့်စားပြိုင်ပွဲများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်ပြီး အမှတ်-၂ ရမ္မာဝတီအားကစားကွင်းတွင်အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိကြသည်။
အဆိုပါ ပြိုင်ပွဲများကျင်းပရာနေများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင်(ပြန်/ဆက်)