မြောက်ဦး ဇန်နဝါရီ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် လက်ကောက်ဈေးအုပ်စု၊ ဆင်ချဆိပ်ရွာသစ်၌ ယမန်နေ့ ည ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြောက်ဦးမြို့နယ်၊ လက်ကောက်ဈေးအုပ်စု၊ ဆင်ချဆိပ်ရွာသစ်နေ ဒေါ်ဦးမြသိန်းနေအိမ် တွင် ကလေးအိပ်နေစဉ် လူကြီးမရှိဘဲဖယောင်းတိုင်မီးထွန်းထားခဲ့ရာမှ အနီးရှိဝါးထရံသို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်ရာသို့ မြောက်ဦးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးတပ်ဖွဲ့ဝင်(၄)နှင့်အတူ ဆင်ချဆိပ်ရွာသစ်ရှိ ရွာသူ/ရွာသားများမှ အနီးရှိချောင်းမှရေများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉န နာရီ ၄၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး အိပ်နေသည့်ကလေး၏ ပါး၊ လက်၊ ခြေ(ဝဲ/ယာ) တို့တွင် မီးလောင်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သဖြင့် မြောက်ဦးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ မီးဘေးသင့်ပြည်သူများမှာ နီးစပ်ရာဆွေမျိုးနေအိမ်တွင် ယာယီနေထိုင်လျက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)