(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ စစ်တွေမြို့၌ ကျင်းပ

စစ်တွေ   ဇန်နဝါရီ  ၃

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ စာတိုက်ကြီးအနီး ကမ်းနားလမ်း၌ ကျင်းပသည်။

ဦးစွာပြိုင်ပွဲဝင်ရောက်မည့်ကျောင်းသား၊ ကျောင်းသူနှင့် ပြိုင်ပွဲဝင်အားကစားသမားများက နေရာယူကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးအောင်မျိုးက အမျိုးသားပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်က အမျိုးသမီးပြိုင်ပွဲဝင်များအားလည်းကောင်း သေနတ်ပစ်ဖောက်အချက်ပေးကာ တာလွှတ်ပေးသည်။

ထို့နောက် အားကစားသမားများသည် ကမ်းနားလမ်းစာတိုက်ကြီးအနီးမှ ကမ်းနားလမ်းအတိုင်း စစ်တွေဗျူးပွိုင့်၊  စစ်တွေဟိုတယ်ကမ်းခြေအထိ၊ ထို့မှတစ်ဆင့် စတင်တာလွှတ်သည့် စာတိုက်ကြီး ရှေ့သို့ပြန်လည်ပန်းဝင်ကြသည်။ ထို့သို့ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူအား ကစားသမားများ ပြန်လည်ပန်းဝင်ကြစဉ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများက ကြိုဆိုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အမျိုးသားမီနီမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသော အားကစားသမားများအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဆန်းဌေးမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပေးပြီး အမျိုးသမီးပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား ပြည်နယ်လူမှုရေးရာဝန်ကြီးဦးအောင်မျိုး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဥက္ကဋ္ဌတို့က ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဆုရရှိသောအားကစားသမားများသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးကြသည်။ မီနီမာရသွန်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး အားကစားသမား ၁၃၀၀ ကျော်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)