ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကျင်းပ

ကျောက်ဖြူ   ဇန်နဝါရီ    ၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄  ရက်နေ့တွင်ကျရောက်သည့် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်ကာ အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ထိုသို့ အားကစားပြိုင်ပွဲများအားကျင်းပလျက်ရှိရာ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ရှိ ကျောင်းသား၊ ကျောင်းသူများမှ စိတ် အားထက်သန် ပျော်ရွှင်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲများအနေဖြင့် မီတာ (၁၀၀) ကျား/မ အပြေးပြိုင်ပွဲ၊ မီတာ(၄၀၀) ကျား/မ အပြေးပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲ၊ ကွမ်းသီးကောက် ပြိုင်ပွဲ  အစရှိသည့် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲ(၂၅)မျိုးတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများတွင် တစ်ဦးချင်းဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အသင်းအဖွဲ့ အလိုက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့မအားကစားဘောလုံးကွင်းကြီး၌ ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)