ကျောက်တော်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ကျောက်တော်  ဇန်နဝါရီ   ၄

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့  နံနက် ၇ နာရီက ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်ရှိ မြို့မဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွန့်က (၇၅) နှစ်မြောက် စိန်ရတုလွတ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင်  အားကစားသမားများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရှိပြီး မြန်မာ့အားကစားအဆင့်အတန်းမြင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ကျား/မ မီတာ (၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)အပြေးပြိုင်ပွဲ ၊အမျိုးသား သံလုံးပစ်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ အမျိုးသမီး သံပြားပစ်ပြိုင်ပွဲနှင့် မိုးလုံလေ လုံအားကစားခန်းမ၌ စားပွဲတင်တန်းနစ်ပြိုင်ပွဲစသည့် ပြိုင်ပွဲ(၆)မျိုး ပါဝင်မည်ဖြစ်ပြီး အဆိုပါအားကစားပြိုင်ပွဲများကို (၂-၁-၂၀၂၃) ရက်နေ့မှ (၃-၁-၂၀၂၃) ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား၌ ဆုများအသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မောင်ထွန်း