ရခိုင်ပြည်နယ်

မအီမြို့ လူထုအခြေပြုဗဟိုဌာန၌ အချိုမှုန့်၏ ကျန်းမာရေးအန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် အချိုမှုန့်၏ ကျန်းမာရေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နေ့လယ်ပိုင်းက မအီမြို့၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးတို့တွင် ထိုးနှံပေးခဲ့ကြသည်။  

ကျောက်ဖြူမြို့၌ (၅)နှစ်မြောက် ကျောက်ဖြူဘိုးဘွားရိပ်သာ နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ (၅)နှစ်မြောက် ကျောက်ဖြူဘိုးဘွားရိပ်သာ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တောင်ရင်းရပ်ကွက်ရှိ အဆိုပါရိပ်သာ အဆောက်အဦခြံဝန်း၌ ကျင်းပပြုလုပ်ရာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘိုးဘွားရိပ်သာ နာယကအဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများနှင့် ဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။ 

မြောက်ဦးမြို့ မီးသတ်တပ်ဖွဲ့ဝင်များမှ ညောင်ပင်ဈေးရပ်ကွက်၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးအ သိပညာပေး ဟောပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ပူပြင်းခြောက်သွေ့သောပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်  ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့ နံနက် ၁၀ နာရီက ညောင်ပင်ဈေးရပ်ကွက်သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်၌  အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပရန် လျာတားသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင်  အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှုစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်က စတင်ဆောင်ရွက်လျက်ရှိသည်။

စစ်တွေမြို့၌ လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်၊ စာပေပြပွဲကျင်းပ

စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်၊ စာပေပြပွဲကို ယနေ့နံနက် ပိုင်းက လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း(စစ်တွေ)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရသေ့တောင်မြို့၌မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်၊ ပညာပရမီဘုန်းတော်ကြီးကျောင်းရှိ ပြည်သူများအား  မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ ဆီမီးလောင်မှုကို မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်းနှင့် ပိုက်လိပ်ပိုက်ခေါင်း ကိုင်တွယ်အသုံးပြုမီးငြိမ်သတ်ရေး သရုပ်ပြသခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

မအီမြို့ အမှတ် (၄) ရပ်ကွက် အလယ်တန်းကျောင်း (ခွဲ) ပြင်ဝန်းတွင် ပညာရေးစုံညီပွဲတော် အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပလျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ် (၄) ရပ်ကွက် အလယ်တန်းကျောင်း (ခွဲ) ပြင်ဝန်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့ အောင်မင်္ဂလာကျောင်းတိုက်မှ ဆရာတော်ကြီးများနှင့် သီလရှင်များအား ဆွမ်းဆန် စိမ်းလောင်းလှူ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းအတွင်း၌ သီတင်းသုံးနေထိုင်တော်မှုကြကုန်သော ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာသာမိနှင့် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ယောဂီများ တရားကျင့်ကြံပွားများ အားထုတ်ရာ၌ ဆွမ်းအဆင်ပြေစေရေးအတွက် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများမှ ယနေ့ညနေ ၃ နာရီက  ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ဒါနပြု လောင်းလှူခဲ့ကြောင်း သိရသည်။

မအီမြို့ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း (ခွဲ) တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်  ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပထမနေ့အနေဖြင့် ယမန်နေ့ ညနေပိုင်းက အဆိုပါကျောင်းရှေ့ အားကစား ကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်