ရမ်းဗြဲမြို့နယ်၌  အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရမ်းဗြဲ  ဇန်နဝါရီ ၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပရန် လျာတားသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင်  အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှုစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်က စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်တာဝန်ပေးမှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး အဖွဲ့များကို အိမ်ထောင်စု လူဦးရေစာရင်းများ ကောက်ယူရာတွင် တိကျမှန်မှု ရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်များ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိရာ ရမ်းဗြဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်နေပြည်သူများအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စာရင်းကောက်ယူရာတွင် ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြေပြင်စာရင်းကောက်ယူရေးအဖွဲ့တို့မှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် မြေပြင်ကွင်းဆင်း

စစ်ဆေးစာရင်းကောက်ယူခြင်းကို စတင်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးခင်မောင်သန်းမှ စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)