မာန်အောင်မြို့နယ်၌ မြေပြင်ကွင်းဆင်းလူဦးရေ စာရင်းကောက်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှု
ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် မာန်အောင်မြို့နယ် တွင်၂၀၂၃ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့်မြေပြင်ရှိလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရန်အတွက် တိုက်ဆိုင်စစ်ဆေးခြင်းကို လူဦးရေ စာရင်းကောက်ယူရေးအဖွဲ့ (Working Group)မှ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူလျက်ရှိသည်။