မအီမြို့ လူထုအခြေပြုဗဟိုဌာန၌ အချိုမှုန့်၏ ကျန်းမာရေးအန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ဆောင်ရွက်

မအီ    ဇန်နဝါရီ  

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် အချိုမှုန့်၏ ကျန်းမာရေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နေ့လယ်ပိုင်းက မအီမြို့၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ (Talk Show) ကို မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်လွင်လွင်ပြုံးနှင့် ဦးသူရနိုင် အငယ်တန်းစာရေး (အင်အားပြ) တို့က ဇီဝနည်းပညာကိုအခြေခံ၍ ထုတ်လုပ်ထားသည့် ကျန်းမာရေးဆိုးကျိုးများကို ဆွေးနွေး ပြောကြားရာတွင် အချိုမှုန့်ကို မြဲမြန်စွာစားသုံးခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဝေဒနာများ ဖြစ်ပေါ်စေခြင်း၊ အဝလွန်ရောဂါဖြစ်ခြင်း၊ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများဖြစ်စေခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားကို ထိခိုက်ခြင်း နှင့် အခြားအထွေထွေထိခိုက်ခြင်း  စသည့်ကျန်းမာရေးဆိုးကျိုးများကို ဆွေးနွေးခဲ့ကြပြီး  ကျန်းမာရေးအတွက် သတိထားဆင်ခြင်သင့်သော အချိုမှုန့်ကို ခန္ဓာကိုယ်အတွင်း အချိုမှုန့် ဝင်ရောက်မှု လျော့နည်းစေရန် စားသုံးနည်းများကို ဆွေးနွေးညှိနှိုင်းပြောကြားခဲ့ကြသည်။

ဖော်ပြပါ Talk Show အစီအစဉ်ကို မအီမြို့၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Maei Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းနှင့် မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း  စသည့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသိပညာပေး (Talk Show ) အစီအစဉ်များကို ရိုက်ကူး၍ မအီမြို့ရုံး  Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် ရွေ့လျားစာကြည့်တိုက် (Mobile Library) စနစ်ဖြင့် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား (အခမဲ့) ငှားရမ်း ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ခံဦးစီးမှူး ဦးသက်နောင်ထွန်းက ပြောကြားခဲ့သည်။

မောင်မောင်ဌေး(ပြန်/ဆက်)