ရသေ့တောင် ဇန်နဝါရီ ၇
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်၊ ပညာပရမီဘုန်းတော်ကြီးကျောင်းရှိ ပြည်သူများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ ဆီမီးလောင်မှုကို မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်းနှင့် ပိုက်လိပ်ပိုက်ခေါင်း ကိုင်တွယ်အသုံးပြုမီးငြိမ်သတ်ရေး သရုပ်ပြသခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင်စာရေးကြီးဦးမိုး ကျော်နှင့်ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့်တပ်ဖွဲ့ဝင်များက ဦးဆောင်၍တပ်ဖွဲ့ဝင်များက ပညာပါရမီဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ကြသောပြည်သူများအနေဖြင့် မီးဘေး အန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအ တွက် မီးကို စနစ်တကျ အသုံးပြုစေရေး၊ လျှပ်စစ်မီးအသုံးပြုသူ မိဘပြည်သူများအနေဖြင့် မိမိတို့ နေအိမ်များရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက် ပေါက်များဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာလျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့်ထမင်း၊ ဟင်းချက်ပြုတ်သူများ အနေဖြင့်မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့် နေအိမ်များတွင်လည်းမီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန်လိုအပ်ကြောင်း စသည့်တို့အား အသိပညာပေးဟောပြောခဲ့ကြောင် သိရှိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)