မြောက်ဦးမြို့ အောင်မင်္ဂလာကျောင်းတိုက်မှ ဆရာတော်ကြီးများနှင့် သီလရှင်များအား ဆွမ်းဆန် စိမ်းလောင်းလှူ

မြောက်ဦး  ဇန်နဝါရီ  

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းအတွင်း၌ သီတင်းသုံးနေထိုင်တော်မှုကြကုန်သော ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာသာမိနှင့် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ယောဂီများ တရားကျင့်ကြံပွားများ အားထုတ်ရာ၌ ဆွမ်းအဆင်ပြေစေရေးအတွက် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများမှ ယနေ့ညနေ ၃ နာရီက  ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ဒါနပြု လောင်းလှူခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်း လှူဒါန်းလောင်းလှူရာ ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ယောဂီသူတော်စင်များမှ မိမိတို့အိမ်ရှေ့အရောက် မြို့တစ်ပတ်လှည့်လည်၍ ဆွမ်းဆန်တော် အလှူခံလှည့်လည်ရာ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်တပ်၊ မြို့သစ်၊ အောင်မင်္ဂလာနှင့် ဗန္ဓုလနေ ကုသိုလ်ရှင်၊ ပါရမီရှင်အလှူရှင်ပြည်သူများက နေ့ဆွမ်းနှင့် အာရုံဆွမ်း အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်များ လှူဒါန်းလောင်းလှူခဲ့ကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)