ဂွမြို့တွင် တရားမဝင်ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချနေခြင်းအား အများပြည်သူသိရှိစေရေး အသိပညာပေး (Talk Show) ကျင်းပ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ FDAမှ မှတ်ပုံတင်ရရှိထားသော DICLON-Mနှင့် ပုံစံတူ တရားမဝင် ဆေးဝါးများဈေးကွက်အတွင်း ရောင်းချနေခြင်းအား အများပြည်သူသိရှိစေရေး အသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။