မာန်အောင်မြို့နယ်၌ မြေပြင်ကွင်းဆင်းလူဦးရေ စာရင်းကောက်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှု

မာန်အောင် ဇန်နဝါရီ 

ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် မာန်အောင်မြို့နယ် တွင်၂၀၂၃ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့်မြေ​ပြင်ရှိလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရန်အတွက် တိုက်ဆိုင်စစ်ဆေးခြင်းကို လူဦးရေ စာရင်းကောက်ယူရေးအဖွဲ့ (Working Group)မှ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူလျက်ရှိသည်။

အဆိုပါ လူဦးရေစာရင်း အချက်အလက်များ မှန်ကန်စေရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးလုပ်ငန်း အောင်မြင်စေရန်ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်  ပြည်သူများသို့ အသိပေးထားပြီး မြို့နယ် မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက်အတွင်း စာရင်းကောက်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို ပေါင်းစပ် ပေးခဲ့ကြသည်။

အဆိုပါ မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းကို ကောက်ကွက်တစ်ဖွဲ့လျှင် ()ဦးနှုန်းဖြင့် ဖွဲ့စည်းထားပြီး ဇန်နဝါရီလ ရက်နေ့မှ ၂၈ ရက်ထိ ၂၀ ရက်ကြာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)