ဘူးသီးတောင်မြို့နယ်၌ လူဦးရေစာရင်း မှန်ကန်ရေး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်

ဘူးသီးတောင် ဇန်နဝါရီ ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (WorkingGroup) များသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း သွားရောက်ကာသတ်မှတ်စာရင်း ပုံစံများဖြင့် ကောက်ယူခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်တာဝန်ပေးမှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်များ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိရာ ဘူးသီးတောင်မြို့နယ်၌ အဖွဲ့များခွဲ၍ ရပ်ကွက်/ကျေးရွာနေပြည်သူများအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့တွင် ပါဝင်သော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စာရင်းကောက်ယူရာတွင် အုပ်စုအလိုက် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် မြေပြင်စာရင်း ကောက်ယူရေးအဖွဲ့တို့မှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေး စာရင်းကောက်ယူခြင်းကို စတင်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက စစ်ဆေးကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)