ရသေ့တောင်မြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူမှု လုပ်ငန်းများ စတင်ကွင်းဆင်းဆောင်ရွက်

ရသေ့တောင် ဇန်နဝါရီ ၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၃  ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပရန်လျာတားသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင်  အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့ နံနက်၁၀ နာရီ အချိန်က စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွင်းဆင်းကောက်ခံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်ထက်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အဖွဲ့များခွဲကာ မြို့ပေါ်(၄)ရပ်ကွက်များရှိ အခြေခံလူ ဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)