ဂွမြို့နယ်တွင် အလယ်ချောင်းကျေးရွာ၊ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ (နိုင်ငံတော်ထောက်ပံ့ငွေ)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်က ယမန်နေ့၊ နေ့လယ်ပိုင်းက အလယ် ချောင်းကျေးရွာ အုပ်စုအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။