ရခိုင်ပြည်နယ်

ဂွမြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster dose) ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster dose)(Myancopharm) ထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများရှိ စုရပ်များတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အ.လ.က(ရဟိုင်ကွင်း)၊ အ.လ.က ခွဲ(အလယ်ချောင်း)နှင့် အ.ထ.က(ရေကျော်)စသည့် စုရပ်(၃)ခု၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မအီချောင်းစက်တော်ရာအနီးရှိ “မအီဂျိုင်” အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူ ယခင်နှစ်ထက်များပြားလာ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နှင့် (၁၇)မိုင်ကွာဝေးသည့် မအီချောင်းစက်တော်ရာအနီးရှိ “မအီဂျိုင်” အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူများမှာ ယခင်နှစ်ကထက်များပြာလာသည်ကို တွေ့ရှိရကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးသတ်တပ်ဖွဲ့ဝင်များအား စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများအား စားနပ်ရိက္ခာများဝယ်ယူ၍ မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခြင်းကို ၂၀-၁-၂၀၂၃ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

ရသေ့တောင်မြို့နယ် အ‌ရှေ့မြောက်ရပ်ကွက်၌ ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ဘေးအန္တရာယ်ခံစားခဲ့ရသည့် ပြည်သူများအားထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ်၊ ရ‌သေ့တောင်မြို့နယ်တွင် (၃၀-၁၂-၂၀၂၂)ရက်နေ့တွင် ရသေ့တောင်မြို့နယ် အ‌ရှေ့မြောက်ရပ်ကွက် ပညာပါရမီ‌ကျောင်း၌ ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ဘေးအန္တရာယ်ခံစားခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲကို ယနေ့၊ နံနက်၁၀နာရီက ရသေ့တောင်မြို့၊ပညာပါရမီဘုန်းတော်ကြီးကျောင်း၌‌ ထောက်ပံခဲ့သည်။

မြောက်ဦးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ VMIS စာရင်းရေးသွင်းရေးအဖွဲ့တို့နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအပေါ် VMIS စာရင်းရေးသွင်းရေးအဖွဲ့တို့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့ အခြေခံပညာမူ/လွန်(မြို့သစ်)ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေခံပညာမူလတန်း(လွန်) မြို့သစ်ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့၊ ညနေ(၆)နာရီက အဆိုပါကျောင်းခြံဝင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ကျောက်ဖြူခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပင်လယ်ကမ်းခြေတစ်လျှောက် သန့် ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပင်လယ်ကမ်းခြေတစ်လျှောက် သန့်ရှင်းသာယာ လှပစေရေး ပင်လယ်ရေအတက်(ဒီရေ)အကျဖြင့် မျှောပါလာသည့် အမှိုက်များအား ယနေ့ နံနက် (၇)နာရီအချိန်က ခရိုင်/မြို့နယ်ဌာန ဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့် Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊  စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုများအတွက် အသိပညာပေးခြင်းအစီအစဉ်များကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကို မြို့နယ် လူထုအခြေပြု ဗဟိုဌာန(Community Centre )တွင် ပြုလုပ်သည်။

 ကျိန္တလီမြို့၌ (Community Centre)ခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show)ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့(CommunityCentre)ခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်မြေမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မီးဘေး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show)ကို ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစည်ပင်သာယာဈေး၌ ဈေးဆိုင်ခန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်