မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြောက်ဦး ဇန်နဝါရီ  ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကျောက်ရာဇ်ကေ ရပ်ကွက်၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဇော်ဝင်းမှ လူသား အားလုံး ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စို့အကြောင်းကို ဟောပြောရာတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်ရာတွင် ထိန်းသိမ်းရေး၊ ပြန်လည်ထူထောင်ရေး၊ ဖန် တီးရေး၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် တည်ရှိဆဲ ကောင်းမွန်နေသည့် သဘာဝ ပတ်ဝန်းကျင်အခြေအနေများကို တက်ကြွစွာ ထိန်းသိမ်းသည့်လုပ်ဆောင်မှုများပါဝင်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် လူတစ်ဦးချင်းဆိုင်ရာ အသေးအမွှားလေးမှအစ သမုဒ္ဒရာများ ပူနွေးလာမှုအထိ ကျယ်ပြန့်သော လုပ်ငန်းစဉ်များ ပါဝင်ပြီး ပတ်ဝန်းကျင်ထိန်း သိမ်းခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များ ကာကွယ်ခြင်းနှင့် ပြန်လည်အစားထိုးမရသည့် သဘာဝရင်းမြစ်များထုတ်ယူသုံးစွဲမှု လျှော့ချခြင်းမှာ ကမ္ဘာကြီး၏ ဂေဟစနစ်ထိန်းသိမ်း ကာကွယ်ရေးအတွက် အရေးပါသည့် လုပ်ငန်းစဉ်များတွင် လူတစ်ဦးချင်း လိုက်နာရမည့် အ ရာများရှိသကဲ့သို့ အစုအဖွဲ့လိုက် လိုက်နာစောင့်ထိန်းကာကွယ်ရမည့်   စသည့် အကြောင်းအ ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အငယ်တန်းစာရေး ဒေါ်စုလှိုင်ဌေးမှလည်း လူသားနှင်သစ်ပင် ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် မြန်မာနိုင်ငံတွင် သစ်တောများကို ထင်းမီးသွေးအတွက် ခုတ်လှဲရောင်းချမှု များ၊ ရွှေတူးဖေါ်ရေးလုပ်ငန်းများကြောင့် သစ်တောပြုန်းတီးလာခြင်းစသော အကြောင်းအ ရာ များကို ပြောကြားခဲ့ပြီး သစ်တောပြုန်းတီးမှုများဖြစ်ရအောင် သစ်တောမရှိသည့် နေရာ တွင် သစ်ပင်များမရှိသည့် နေရာများ၊ ကွက်လပ်များ၌ သစ်ပင်များ ပြန်လည်စိုက်ရံသာမက ပျက်စီးနေသော တောတောင်များကို ပြန်လည်ထိန်းသိမ်းရန်၊ သစ်ပင်တစ်မျိုးတည်းကို ပြန်စိုက်တာမျိုးမဟုတ်ဘဲ သစ်ပင်မျိုးစုံကို သဘာဝအတိုင်းပြန်ဖြစ်စေရန် စိုက်ပျိုးသင့် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အသိပညာဟောပြောပွဲသို့ ဒေသခံပြည်သူများ (၅၀) ကျော်ခန့်တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင် ( ပြန်/ဆက်)