ရသေ့တောင်မြို့တွင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး

ရသေ့တောင် ဇန်နဝါရီ ၂၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇နာရီမှ စတင်၍ မြန်မာ့စီးပွားရေးဘဏ်ရှိ ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ပင်စင်စားဝန်ထမ်း (၁၆၆၀)ဦးရှိပြီး‌ ယနေ့မှစတင်၍ လကုန်ရက်အထိ နေ့စဉ်နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီထိ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။ အငြိမ်းစား အသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာ ထုတ်ယူနိုင်ရန် မြန်မာ့စီးပွါးရေးဘဏ်က စီစဉ်ဆောင်ရွက်ပေးထားသကဲ့သို့ သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား လစဉ် လဆန်းရက် ၊ဘဏ်လုပ်ငန်းဖွင့်ချိန်များတွင်  ပင်စင်လစာများကို ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)