ရသေ့တောင် ဇန်နဝါရီ ၂၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နေ့လည် ၃ နာရီက ရသေ့တောင်မြို့၊အရှေ့မြောက်ရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဒုတိယမြို့နယ် ဦးစီးမှူး ဒေါ်တင်ဇာဦးနှင့် ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် တပ်ဖွဲ့ဝင်များက အကြံပြုစစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးအကြံပေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ် ပြန်/ဆက်ရုံးတွင် ဟောပြောပွဲကျင်းပရာ အများပြည်သူတို့အနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကို စနစ်တကျ အသုံးပြုစေရေး ၊ လျှပ်စစ်မီးအသုံးပြုသူ မိဘပြည်သူများ အနေဖြင့် မိမိတို့ နေအိမ်များရှိ လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက် ပေါက်များ ဟောင်းနွမ်းနေပါလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ် တပ်ဆင် အသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်သူများအနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ် တကျ မီးငြိမ်းသတ်စေရန်နှင့် နေအိမ်များတွင်လည်း မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း စသည့်တို့အား မြို့နယ်ပြန်/ဆက်နှင့် ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး ယခုလို ဟောပြောပွဲလုပ်ငန်းအများကိုလည်း အများပြည်သူတို့ အသိပညာ ဗဟုသုတ ရရှိရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ဆွေးနွေး ဟောပြောခဲ့ပါသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)